Sunday, March 3, 2013

Taking Ownership Or Getting Permision


Windows 7 တွင် ကွန်ပြူတာ၏ Security အရ System File များအား ဝင်ရောက် ပြင်ဆင်ခွင့် မပေးထားပေ။ ဥပမာအားဖြင့် System32 ထဲရှိ ဖိုင်များဖြစ်သည်။ ပြင်ဆင်မည်ဆိုပါက ထိုဖိုင်/ဖိုဒါအား Owership ယူရသည်။ ၄င်းဖိုင်များသည် ကွန်ပြူတာ၏ System ပိုင်းဆိုင်ရာ လုပ်ဆောင်မှု များအတွက် အရေးပါသောကြောင့် ဗိုင်းရပ်များ၊ တစ်ခြား မလိုအပ်သော Software များ၏ ဝင်ရောက်ပြင်ဆင်မှုရန်မှ ကာကွယ်ရန်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံကဲ့သို့သော Software များကို တရားမဝင် ခိုးသုံးရမည့် သူများအတွက်မှု ထိုကဲ့သို့ ပြုလုပ်ရန် လိုအပ်နေပေသည်။

(ဥပမာ Windows 7 စတင်ကတည်းက Windows ကို crack ဖြေရန်လိုအပ်သည်။ Crack ဖြေပြီး Activate မလုပ်ပါက တစ်လပြည့်ပြီးနောက် Features အပြည့် သုံး၍မရတော့ပေ။)
Owership ယူရန် Folder ၏ Properties မှ ဝင်ရောက်ပြင်ဆင်ရသည်။ ထိုနည်းသည် အနည်းငယ် လက်ဝင်ပြီး Folder အလိုက် File အများကြီးကို လုပ်ရန် အချိန်ကြာသောကြောင့် Registry ကို ပြင်ဆင်၍ ပြုလုပ်နည်းကို Share လုပ်ပါမည်။
၁။ ပထမဆုံး InstallTakeOwership.reg ဖိုင်ကို ဒေါင်းလိုက်ပါ။
၂။ ဖိုင်ကို Double Click လုပ်ပါ။ Warning ပေါ်လာလိမ့်မည်။ OK, Yes ဘဲ လုပ်လိုက်ပါ။
၃။ Owership ယူလိုသော File/ Folder ကို Right Click နှိပ်ပါ။ Take Owership ကို ရွေးပါ။
ထိုဖိုင်ကို စိတ်ကြိုက် ပြင်ဆင်ခွင့် ရှိပါပြီ။

Right Click မှ Take Owership ကို ဖြုတ်လိုပါက
၁။ RemoveTakeOwership.reg ကို ဒေါင်းပါ။
၂။ ဖိုင်ကို Double Click လုပ်ပါ။ Warning ပေါ်လာလိမ့်မည်။ OK, Yes ဘဲ လုပ်လိုက်ပါ။

ဖိုင် တစ်ခုခုကို Right Click နှိပ်ကြည့်ပါက Take Owership ကို တွေ့ရတော့မည် မဟုတ်ပေ။

တစ်ချို့သော ဖိုင်/ဖိုလ်ဒါများအား တစ်ခြားသူ အလွယ်တကူ မဝင်ရောက်နိုင်စေရန် Owership/Permisssion ကို ဖြုတ်ထားရသည်။
Owership ဖြုတ်ချင်သော Folder အား Right Click နှိပ်ပါ။ Properties ကို ရွေးပါ။
၁. Security Tab ကို နှိပ်ပါ။
၂. ၄င်းမှ Edit ကို နှိပ်ပါ။
၃. User Name တစ်ခုချင်းကို နှိပ်ပြီး ၄. Deny ကို အမှန်ခြစ်လုပ်ပါ။ (List ထဲရှိ User Name တစ်ခုချင်းစီကို Deny လုပ်ရန် လိုအပ်သည်)

ပြင်ဆင်ပြီးပါက ပြန်ဖွင့်ကြည့်ပါ။ You don't currently have permission to access this folder ဟု ပေါ်နေပေလိမ့်မည်။ Permission မရှိပါက

ဖျက်၍လည်းမရပါ။ Cut လုပ်လည်းမရပါ။ Permission ပြန်လိုချင်ပါက TakeOwnership လုပ်၍ သော်လည်းကောင်း Right Click >> Properties >>

Security >> Edit မှ Deny ကို အမှန်ခြစ် ပြန်ဖြုတ်၍ သော်လည်းကောင်း ပြင်ဆင်နိုင်ပါသည်။

အကူအညီလိုပါက yym.yeyint@gmail.comကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ကျေးဇူးတင်လျက်
ရဲရင့်မာန်
ကွန်ပြူတာ သုံးသူတိုင်း စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်ပါစေ။
Creadit to Brink

No comments:

Post a Comment